

- Highlights
- Exterior
- Interior
- Convenience
- Safety
- Available colors
Hyundai Tucson
Highlights
Count the small wins
သင်ကအဆုံးအဆမဲ့အလားအလာတွေရှိတဲ့ပိတ်ဖြူတစ်ခုဆိုတာကိုသဘောပေါက်ပြီးသင့်ကိုယ်သင့်ပိုမိုကောင်းမွန်တဲ့ရလဒ်များရရှိလာစေဖို့စဉ်ဆက်မပြတ်စိန်ခေါ်မှုတွေပြုလုပ်နေကြသည်။အခုကမပေါ်ပေါက်သေးတဲ့အရာတစ်ခုကိုရှာဖွေဖော်ထုတ်ဖို့အချိန်ကောင်းတစ်ခုပါပဲ။သေးငယ်သောအရာတစ်ခုမှစတင်ပါ၊ရှုပ်ထွေးမှုတွေပြုလုပ်ပါဒါပေမဲ့ဆက်ပြီးလည်းရှေ့ဆက်သွားပါ။အမှတ်အသားတိုင်းကသင့်ရဲ့အရွယ်ရောက်လာမှုအတွက်ကိုယ်စားပြုရလဒ်တွေကြီးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီအချိန်လေးတိုင်းနဲ့အတွေ့အကြုံတိုင်းကတန်ဖိုးရှိလို့ဖြစ်ပါတယ်။.
Partnering with small challengers
ဘဝကအကျိုးဆက်များနှင့်ပြည့်နှက်နေသည်။ ဒါပေမဲ့မှန်ကန်တဲ့တွဲဖက်နဲ့အတူဆိုရင်တော့ကြောက်စရာဘာမှမရှိဘူး။ ဘယ်လောက်ပဲကြီးမားပါစေဘယ်လောက်ပဲသေးငယ်ပါစေTucsonကသင့်ရဲ့စိန်ခေါ်မှုတိုင်းကိုပိုမိုလွယ်ကူပြီးပျော်ရွှင်စရာကောင်းစေလိမ့်မည်။Tucson ၏တက်ကြွသောစတိုင်နှင့်စွမ်းဆောင်ရည်ကသင်နယ်နမိတ်များကိုတိုးချဲ့တဲ့အချိန်တိုင်းသင့်အတွက်လိုအပ်နေတဲ့အာမခံချက်များနှင့်လုံခြုံမှုများကိုပေးစွမ်းမှာဖြစ်၏။
Thoughtful interior features that let you focus.
အပြောင်းအလဲတစ်ခုလုပ်ဖို့ဆုံးဖြတ်ပြီးတိုင်းဆက်သာလုပ်ပါ။Tucson ရဲ့မောင်းနှင်သူထိုင်ခုံမှ cutting edge technologies ကသင့်ရဲ့မစ်ရှင်ကိုအာရုံစူးစိုက်နိုင်စေပါလိမ့်မည်။ Tucsonရဲ့လုံလောက်အောင်ကျယ်ပြန့်လှတဲ့အတွင်းခန်းသည်လည်းသင့်ရဲ့အောင်မြင်မှုကိုရရှိစေနိုင်ရန်သင်လိုအပ်သည့်ကိရိယာတန်ဆာပလာများကိုထားရန်လုံလောက်သည်။Add fuel to passion Then drive
Tucson ရဲ့ gasoline engines ကစွမ်းဆောင်ရည်မြင့်မားသောထုတ်လွှင့်မှုများနှင့်တွဲဖက်ပေးထားပြီး လောင်စာဆီထိရောက်မှုနှင့်ကြာရှည်ခံမှုအတွက်ပြီးပြည့်စုံစေသည်။Tucson ရဲ့ တုန့်ပြန်မှုများနှင့်အစွမ်းထက်လှသောမောင်းနှင်မှုများသည်လည်းသင့်ရဲ့စိန်ခေါ်မှုများကိုပြီးမြောက်စေနိုင်မည့်အပိုထပ်ဆောင်းတိုးမြှင့်ပေးမှုများဖြစ်၏။
အကောင်းမွန်ဆုံးတီထွင်ဆန်းသစ်မှုနှင့် အသာလွန်ဆုံးငြိမ့်ညောင်းမှု
Hyundai Tucson ဟာ အငယ်စား SUV ကားအမျိုးအစားဖြစ်ပြီး တောင်ကိုရီးယားအခြေစိုက် Hyundai ကားထုတ်လုပ်ရေးလုပ်ငန်းက ၂၀၀၄ ခုနှစ်ကတည်းကစတင်ထုတ်လုပ်ခဲ့တဲ့ ကားမော်ဒယ်ဖြစ်ပါတယ်။ Hyundai ဟာ ဈေးနှုန်းချိုသာပြီး သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အပြည့်ရှိတဲ့ SUV ကားအမျိုးအစားတွေကို ထုတ်လုပ်ရာမှာ လူကြိုက်များပါတယ်။ အသစ်တဖန်ဆန်းသစ်ထားတဲ့ Hyundai Tucson 2020 ကို ဆန်းသစ်ကောင်းမွန်တဲ့ တည်ဆောက်ပုံနဲ့ ပုံဖော်ထားတဲ့အပြင် သာမန်ကားအမျိုးအစားတွေနဲ့မတူတဲ့ အကောင်းဆုံးမောင်းနှင်မှုအတွေ့အကြုံကို ပေးစွမ်းမယ့် မျိုးဆက်သစ်ကားတစ်စီးလို့ ဆိုရမှာဖြစ်ပါတယ်။ မောင်းနှင်ရပေါ့ပါးပြီး ကျစ်လျစ်တဲ့ SUV ကားအမျိုးအစားဖြစ်ပေမယ့် အတွင်းခန်းကျယ်ကျယ်နဲ့ ထူးထူးခြားခြားပုံဖော်ဆန်းသစ်ထားတဲ့ ကားတစ်စီးဆိုရင်လည်း မမှားပါဘူး။ ရလဒ်အနေနဲ့ ပစ္စည်းတင်ဆောင်ရ အဆင်ပြေပြီး ပါကင်ထိုးရ လွယ်ကူသလို မောင်းနှင်ရအဆင်ပြေချောမွေ့တဲ့ စိတ်လှုပ်ရှားစရာ ကားအမျိုးအစားတစ်စီး ဖြစ်လာပါတယ်။ အသစ်မွမ်းမံထားတဲ့ Premium Mid-sized ၂၀၂၀ မိုဒယ်မှာတော့ ပုံစံအသစ်၊ ပိုမိုသာလွန်တဲ့ Powertrain တွေအပြင် စံနှုန်းသစ်တွေနဲ့ ထူးခြားတဲ့နည်းပညာတွေကိုပါ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Touchscreen Infotainment တွေဖြစ်တဲ့ Apple CarPlay, Android Auto Capability, Floating-type 8” LCD Touch Screen, Supervision TFT LCD Cluster, ကြိုးမဲ့စမတ်ဖုန်း ချိတ်ဆက်မှု၊ Smart Tailgate System, နှင့် HTRAC All-wheel Drive နည်းပညာတွေကိုပါ ထည့်သွင်းပေးထားပါတယ်။ အရည်အသွေးကောင်းမွန်မှုကို အသားပေးထားပြီး customer တွေကို စိတ်ကျေနပ်မှု အကောင်းဆုံး ပေးနိုင်မဲ့ကားလေးပဲဖြစ်ပါတယ်။ Shwe Daehan Motors မှ SKD စနစ်နဲ့ ထုတ်လုပ်လိုက်တဲ့ Tucson 2020 ဟာ Premium SUV အမျိုးအစား ကားတစ်စီးဖြစ်တဲ့အပြင် ဝယ်ယူအားပေးသူများအား ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ၇ နှစ် သို့မဟုတ် ကီလို တစ်သိန်းခွဲ အာမခံပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်လိုင်စင်ဖြင့်ပါ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Tuscon ကားဟာ Hyundai ကားထုတ်လုပ်မှုရဲ့ အဓိက မျှော်မှန်းချက်ဖြစ်တဲ့ အဆင့်အတန်း မြင့်မားတဲ့ ဒီဇိုင်း၊ သက်သောင့်သက်သာရှိစေမှု၊ လုံခြုံစိတ်ချမှု တွေကို အလေးပေး ထုတ်လုပ်ခဲ့တာကြောင့် မြန်မာပြည်ဈေးကွက်မှာတော့ Customer တွေ ကြားမှာ နာမည်ရနေတဲ့ ကားတစ်စီးဖြစ်ပါတယ်။ Tucson ကားရဲ့ လှပခိုင်ခံ့တဲ့ အပြင်ပန်းကားဒီဇိုင်း၊လုံခြုံမှုကို အလေးပေးထားတဲ့ ဆင်ဆာများတပ်ဆင်ထားခြင်း၊ အရေးပေါ် အော်တိုဘရိတ် System များပါရှိခြင်းကြောင့် အမေရိကန်နိုင်ငံမှ ချီးမြင့်သော လုံခြုံစိတ်ချမှု အကောင်းဆုံးဆု ( IIHS) ကို ပါရရှိထားတဲ့ကားလေးဖြစ်ပါတယ်။အခုလို တီထွင်ဆန်းသစ်မှုအသစ်တွေနဲ့ပေါ်ထွက်လာတဲ့ Tucson ဟာဆိုရင် Customer စိတ်ကျေနပ်မှုအကောင်းဆုံးရတဲ့ ကားတစ်စီးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

Overview
- Category Cars
- Product label 2.0 CRDi Diesel Engine
- Model name Tucson
- Seats 5
Engine | Type | 2.0 CRDi Diesel Engine |
Displacement | 1,995 cc | |
Max Power(ps/rpm) | 185/4,000 | |
Max Touque(kg-m/rpm) | 41.0/1,750 ~ 2,750 | |
Max Speed(km/h) | 201 | |
Acceleration(0-> 100kph/sec) | 9.3 | |
Combined | 16.7 | |
Transmission | Transmission type | 8 Speed Auto |
Fuel Consumption | Fuel type | Diesel |
Exterior | Overall Length | 4,480 |
Overall Width | 1,850 | |
Overall Height | 1,655 | |
Wheel Base | 2,670 | |
Tire | 225/60 R17 , 225/55 R18 | |
Alloy Wheel | 18” Alloy Wheel | |
Type | SUV(SKD) |
Gallery






























Exterior
အမြင့်မားဆုံးငြိမ့်ညောင်းမှုနှင့် အကောင်းမွန်ဆုံးကိုယ်ထည်တည်ဆောက်ပုံတွေနဲ့ မွမ်းမံထားတဲ့ Tuscon ကားသစ်ဟာ ဆန်းသစ်တဲ့လက်ရာတွေနဲ့ သာမန်ကားတွေနဲ့ မတူကွဲပြားတဲ့ အသာလွန်ဆုံးမောင်းနှင်မှု အတွေ့အကြုံကို ပေးစွမ်းမယ့် မျိုးဆက်သစ်ကားတစ်စီးဖြစ်ပါတယ်။ အခု ၂၀၂၀ မော်ဒယ်အသစ်အတွက် Hyundai ဟာ လူကြိုက်အများဆုံးဖြစ်တဲ့ SUV ကားအမျိုးအစား Tucson ရဲ့ အတွင်းခန်းနဲ့ အပြင်ပိုင်းတွေကို ပြန်လည်ဆန်းသစ်ထားတဲ့ အသေးစားပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကားရဲ့ကိုယ်ထည်တည်ဆောက်ပုံချင်းအပြင် လုံခြုံမှုနဲ့ Powertrain အပိုင်းတွေကိုပါ ထူးထူးခြားခြားဖြစ်အောင် အဆင့်မြှင့်တင်ထားပါတယ်။ အသစ်မွမ်းမံထားတဲ့ ကားရဲ့အပြင်ဘက် ကိုယ်ထည်ပိုင်းမှာ Tucson ရဲ့ ပုံစံကို ကွဲပြားသွားစေမယ့် ရှေ့မီးသီးများ၊ နောက်မီးသီးများ တပ်ဆင်ထားတဲ့အပြင် ဆန်းသစ်တဲ့လေဝင်ပေါက်၊ မွမ်းမံထားတဲ့ ကားအရှေ့နဲ့ အနောက် Fascia တို့နဲ့အတူ ၁၈ လက်မအထိရှိတဲ့ ကားဘီးဒီဇိုင်းတွေက မတူခြားနားတဲ့ ခံစားမှုကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။ အသိသာဆုံး ပုံစံပြောင်းလဲမှုအနေနဲ့ Hyundai ရဲ့သင်္ကေတဖြစ်တဲ့ Cascading Grille က Tucson ကို လက်ရှိထပ်မံမွမ်းမံထားတဲ့ အခြားသောကားအမျိုးအစားတွေကြားမှာ ထူးထူးခြားခြားဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီ ၂၀၂၀ မော်ဒယ်အသစ်မှာ ကားအရှေ့နဲ့ အနောက် ဘမ်ပါတွေကိုပါ အနည်းငယ်မွမ်းမံထားတဲ့အပြင် ကားရှေ့မီးသီးအသစ်တွေကလည်း Hyundai ရဲ့ Cascading Grille ပုံစံသစ်ကို ဖော်ဆောင်ပေးထားပြီး နှင်းခွဲမီးတွေနဲ့ နောက်မီးသီးတွေကိုပါ ပြန်လည်ဆန်းသစ်ထားပါတယ်။

Special Features

18-inch alloy wheels

Chrome-coated outside handles

Electronic stability control(ESC)

Front & Rear parking assist system (PAS)

LED Headlamps

LED rear combination lamp

Outside mirror repeaters & puddle lamps

Smart Tailgate System
အတွင်းပိုင်း
အလုံးစုံဒီဇိုင်းပြောင်းတာမဟုတ်ဘဲ အချို့အစိတ်အပိုင်းတွေကို ပြန်လည်ဆန်းသစ်ထားတဲ့ Hyundai Tucson 2020 မှာ ၄င်းရဲ့ အတွင်းပိုင်းကိုတော့ လုံးဝပြန်လည်မွမ်းမံထားပါတယ်။ ကားအတွင်းပိုင်းမှာပါဝင်တဲ့ Touchscreen ဟာ မကြာသေးခင်က Hyundai က မွမ်းမံထုတ်လုပ်ထားတဲ့ Elantra GT, Kona နဲ့ Santa Fe တို့မှာပါဝင်တဲ့ Touchscreen တွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ 2020 Tucson ရဲ့ လေဝင်လေထွက်ပေါက်တွေကို ပြောင်းလဲတပ်ဆင်ထားတဲ့အပြင် လည်သာထိုင်ခုံတွေကိုလည်း ဒီဇိုင်းသစ်တွေနဲ့ မွမ်းမံထားပါတယ်။

Special Features

6 airbags system & advanced high-strength steels

8 speed automatic transmission

CRDi diesel engine

Driver Seat Adjustment

Electric chromic mirror(ECM) and Rear camera diplay (RCD) system

Floating-type 8” LCD Touchscreens

Posh & Elegant Interior Color

Rear console(USB charger)

Second row seat folding

Supervision cluster

Wireless Smartphone Charging System
အဆင်ပြေလွယ်ကူမှု
Tucson 2020 တွင် ပြောင်းလဲမှုများ နည်းပါးသော်လည်း ပိုမိုကောင်းမွန်တဲ့ အဆင်ပြေလွယ်ကူမှုများ ရှိစေရန် အရေးကြီးသောအရာများသာ ပြောင်းလဲပေးထားပါတယ်။


လက်ဖြင့်ဖွင့်စရာမလိုပဲ အလိုအလျောက်ပွင့်သော စမတ်နောက်ဖုံးတံခါး
Tucson ရဲ့ စမတ် ပါ၀ါ နောက်ဖုံးတံခါးဟာ ကားသော့ကို ကိုယ့်ရဲ့ အိတ်ကပ် ဒါမှမဟုတ် ပိုက်ဆံအိတ်ထဲထည့်ထားပြီး နောက်ဖုံးနဲ့ ပေအနည်းငယ်အတွင်းမှာ စက္ကန့်ပိုင်းလောက်ရပ်နေရုံနဲ့ ကိုယ့်လက်နဲ့ဖွင့်စရာမလိုပဲ အလိုအလျောက်ပွင့်လာမှာဖြစ်ပါတယ်။

Driver Seat Adjustment

Rear console(USB charger)

Wileless Charging System
လုံခြုံရေး
ကောင်းမွန်တဲ့လုံခြုံရေးစနစ်သစ်တွေနဲ့ တမူထူးခြားတဲ့ တောင့်တင်းမှုတွေနဲ့ ကားကောင်းတစ်စီးလည်းဖြစ်ပါတယ်။ အဆင့်မြင့် High Strength Steel (AHSS) နဲ့ ပုံသွင်းတည်ဆောက်မှုစနစ်တွေကို အသုံးပြုပုံဖော်ထားတဲ့ Tucson 2019 ကားဟာဆိုရင် မောင်းနှင်ရညက်ညောပြီး အကောင်းဆုံးလုံခြုံရေးစနစ်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ 2019 ကားသစ်ရဲ့ အထူးခြားဆုံးပြောင်းလဲမှုကတော့ အရေးပေါ်အလိုအလျောက်ဘရိတ်စနစ် ပါဝင်တဲ့ Front Collision System ဖြစ်ပြီး Tucson Grade အမျိုးအစားအားလုံးမှာ Standard Pedestrian စနစ် ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Lane Keep Assist ကိုပါ ထည့်သွင်းထားပါတယ်။

Special Features

လေအိတ် ၆ လုံးစနစ်
ယာဉ်မောင်းနဲ့ရှေ့ခန်းခရီးသည်အတွက် လေအိတ် နှစ်လုံး၊ ရှေ့ခန်းဘေးလေအိတ် နှစ်လုံးနဲ့ ဘေးတံခါးမှန်လေအိတ် နှစ်လုံးတို့က အကောင်းဆုံး လုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။
Electronic stability control(ESC)
Special Features

Front & Rear parking assist system (PAS)

Outside mirror repeaters & puddle lamps
ရရှိနိုင်သည့် ကားအရောင်များ
Tucson ကို အဖြူရောင်၊ ခဲရောင် နဲ့ အနက်ရောင် သုံးမျိုးရရှိနိုင်ပါတယ်။
Buying informations
Shwe Daehan Motors Factory မှ ထုတ်လုပ်လိုက်တဲ့ Tucson 2020 ရဲ့ တရားဝင်စျေးနှုန်းဟာတော့ 575 သိန်း ဖြစ်ပြီး ၇ နှစ် (သို့မဟုတ်) ကီလို ၁ သိန်းခွဲ အာမခံပေးထားပါတယ်။ အရစ်ကျငွေပေးချေစနစ်နဲ့ ဝယ်ယူမယ်ဆိုရင်တော့ ကနဦးအနေနဲ့ ၂၀ ရာခိုင်နှုန်းကစပြီး CB ဘဏ်နဲ့ UAB ဘဏ်တို့နဲ့ ချိတ်ဆက်ပြီး တစ်နှစ်ကနေ ငါးနှစ်အထိ အရစ်ကျ လစဉ် ငွေပေးသွင်းမှုတွေနဲ့ ဝယ်ယူလို့ရနိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန်လိုင်စင်ဖြင့်ပါ ရရှိနိုင်မယ့် Hyundai Brand New ကားတစ်စီး ကို သက်သာသော စျေးနှုန်း ဖြင့်ရရှိနိုင်သော ဒီလိုထူးခြားတဲ့အခွင့်အရေးကို လက်မလွှတ်ဖို့ အကြံပေးချင်ပါတယ်။ စိတ်ပါဝင်စားသော Customer များ အနေဖြင့် Hot Line : 01 522 723 Facebook : www.facebook.com/hyundaimmသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။