Contact number: 09 4210 020 51, 09 2500 100 10

Hyundai H-1 My

Highlights

New experience, new opportunities

Hyundai ရဲ့ The New H-1 ကသင့်အားသက်တောင့်သက်သာဖြစ်စေမှုနှင့်အတူလှပဆန်းကြယ်ပြီးခေတ်မှီဆန်းပြားသည့်ပေါင်းစပ်မှုများနှင့်တကွ သင့်ဘဝအတွက်ကြွယ်ဝမှုများ၊ထူးခြားသောရှုထောင့်များပါထပ်ပေါင်းထည့်ပေးသည်။.

Whoever you are, wherever you go

The new H-1 သည် 12 ယောက်စီး ကားတစ်စီးအနေနဲ့အမျိုးမျိုးသောသာလွန်မှုများပေးစွမ်းနိုင်သည်။စီးပွားရေးလုပ်ငန်းမှသည်အပန်းဖြေခရီးသွားခြင်းအထိကျယ်ပြန့်စွာအသုံးချနိုင်ပြီးထိုင်ခုံပုံစံအမျိုးမျိုးရရှိနိုင်သည်။အဆင်ပြေချောမွေ့သောလုပ်ဆောင်ချက်များ၊ကိရိယာများဖြင့်ခရီးသည်အားသက်တောင့်သက်သာဖြစ်စေမှုပေးစွမ်းနိုင်၏။

Looking good, living even better

The new H-1 သည်လှပသည့်စတိုင်အပြင်ကိုဘက်စုံကျယ်ပြန့်စွာလည်းအသုံးပြုနိုင်သည်။

Change your worldview

ပွင့်လင်းမြင်သာသောခံစားချက်ရရှိနိုင်သည့်အလျားလိုက်အပြင်အဆင်ဖြင့်ပြန်လည်ဆန်းသစ်ထားတဲ့အတွင်းခန်းကအမြင့်ဆုံးအဆင့်မှာရှိသောဒီဇိုင်းကိုရရှိနိုင်စေသည်။အသံစနစ်ကိုထပ်ပေါင်းထည့်ထားခြင်းနှင့်အတူစတိုင်ကျလှတဲ့ sporty steering wheelသည်လည်းပိုမိုကောင်းမွန်သည့်မောင်းနှင်ခြင်းရသကိုခံစားရစေနိုင်၏။

Overview

Hyundai H-1 Grand (Starex) ဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် Hyundai Motor Company ထုတ်လုပ်တဲ့ Minibus ကားအမျိုးအစားဖြစ်ပါတယ်။ ဒီကားဟာ မျိုးဆက် နှစ်မျိုးနဲ့ထွက်ရှိထားပြီး ပထမမျိုးဆက်ကို ၁၉၉၇ ခုနှစ် ကနေ ၂၀၀၇ ခုနှစ် အထိထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက်ကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၉ အထိထုတ်လုပ်ထားပါတယ်။ ဒုတိယမျိုးဆက်ကို Grand Starex အနေနဲ့မိတ်ဆက်ခဲ့ပြီး ပိုမိုကြီးမားတဲ့ထုထည်၊ ပိုမိုအားကောင်းတဲ့ CRDi အင်ဂျင်တို့နဲ့တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တတိယမျိုးဆက်ကိုတော့ ၂၀၂၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ယခု Shwe Daehan Motor မှ မြန်မာနိုင်ငံအတွင်း SKD စနစ်နဲ့ စတင်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် H-1 2021 ဟာဆိုရင် မြန်မာနိုင်ငံမှာ Shwe Daehan Motor မှ ပထမဦးဆုံး ထုတ်လုပ်လိုက်တဲ့ မိသားစုသုံး၊ လုပ်ငန်းသုံး၊ စွယ်စုံသုံးနိုင်တဲ့ ကားအမျိုးအစားလည်း ဖြစ်ပါတယ်။ Hyundai H-1 ဟာ ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ နှစ်စဉ် အစီးရေ တစ်သောင်းကျော် ရောင်းရတဲ့ ရောင်းအားကောင်းသော ကားအမျိုးအစား ဖြစ်ပါတယ်။ အခြားသော ပြိုင်ဘက် 2.5 CRDi အင်ဂျင်ကားအမျိုးအစားတွေနဲ့ ယှဉ်ရင်လည်း စျေးနှုန်းအရာမှာ ချိုသာမှုရှိသလို ကားစွမ်းဆောင်ရည်မှာလည်း ရင်ဘောင်တန်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ မြန်မာစျေးကွက် ဝယ်သူလိုအပ်ချက်များပေါ် အခြေခံပြီး ကားစွမ်းဆောင်ရည်ပေါင်း ၁၅ မျိုးကို အသစ်ထပ်မံဖြည့်သွင်းပေးထားပါတယ်။ H-1 2021 ကားသစ်မှာ အဓိကအနေနဲ့ Dual Auto Sliding Door, Leather Seats, Electronic Folding Outside Mirrors, Cruise Control တို့အပြင် Andriod ဖုန်းတစ်လုံးကဲ့သို့ အသုံးပြုနိုင်အောင် ၈ လက်မ Smart Touchscreen AV (Android Based) စနစ်တွေကိုပါ အားဖြည့်ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။ အခုအသစ်ထုတ်လုပ်လိုက်တဲ့ H-1 2021 ဟာ သက်တောင့်သက်သာရှိမှုကို ပေးစွမ်းရုံတင်မကဘဲ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်း၊ အတွင်းခန်းအပြင်အဆင်အသစ်၊ နည်းပညာအသစ်တွေနဲ့ ဝယ်သူတွေ အကြိုက်တွေ့စေနိုင်မှာ ဖြစ်ပါတယ်။

Overview
  • Category Cars
  • Product label 2.5 CRDi Diesel Engine
  • Model name H-1
  • Seats 12

EngineType2.5 CRDi Diesel Engine
Displacement2,497 cc
Max Power(ps/rpm)170 /3,600
Max Touque(kg-m/rpm)45 /2,250
Max Speed(km/h)180
Acceleration(0-> 100kph/sec)​14.5
Combined11.1
TransmissionTransmission type5 Speed Auto
Fuel Consumption​Fuel typeDiesel​

ExteriorOverall Length5,150
Overall Width1,920​​
Overall Height1,925
Wheel Base3,200
Tire215/ 70R16C
Alloy Wheel16” Alloy Wheel
TypeCommercial (CBU)

Exterior

Special Features

16 inches alloy wheels

Artic White AW

Back warning camera

Chrome-coated radiator grille

Dual auto sliding door

Hyper silver P3S

Outside mirrors with side repeaters

Safety block system

Tan Brown TN9

Timeless black PB5

Interior

Special Features

(ABS) Anti-lock breaking system

2.5 CRDi Diesel Engine

5-Speed automatic transmission

12 seater

Android system

Auto light control

Back warning system

Cruise control

Electric chromic mirror

Electric folding outside mirrors

Front dual side airbag

Full auto air conditioning system

leather seats

LED Rear combination lamps

Manual tilt and telescopic sterring wheel

Multi-Purpose seating

Projection Head lamps

Rear Spoiler with High-Mounted Stop Lamp(HMSL)

Second row swivel seat(360)

Sliding door auto button system with remote control

Sliding door auto button system

Smart 8'' touchscreen AV

လုံခြုံရေး၊ အဆင်ပြေလွယ်ကူမှုနှင့် သက်တောင့်သက်သာ ဖြစ်စေမှု

Disc ဘရိတ်များ

H-1 ရဲ့ ရှေ့ဘီးနဲ့နောက်ဘီးတွေမှာ ကြီးမားပြီး အားကောင်းတဲ့ ၁၆လက်မ Disc ဘရိတ်တွေပါဝင်ပါတယ်။ ကားမှာအလေးချိန်အပြည့်တင်ဆောင်လာတဲ့အချိန်မျိုးမှာ အကောင်းမွန်ဆုံးကားရပ်နိုင်ဖို့ အဆင့်မြင့်စွမ်းဆောင်ရည်ပေးပါတယ်။

ယာဉ်အနောက်ဘက် ပါကင်ထိုးရာတွင်အကူအညီပေးသော စနစ်

ကားကိုနောက်ဆုတ်တဲ့အချိန်မျိုးမှာ ဒရိုင်ဘာမမြင်ရတဲ့အရာဝတ္ထုတစ်ခုခုနားကိုဆုတ်မိသွားရင် နောက်ဘန်ပါမှာတပ်ဆင်ထားတဲ့ အာရုံခံကိရိယာတွေက အသံပြုအချက်ပေးပါတယ်။

အလိုအလျောက်လျှောတံခါးများ

နောက်ခန်းတွင် လိုက်ပါစီးနင်းသူများ ထွက်ရလွယ်ကူစေရန် Auto Slide Door တွေကို တပ်ဆင်ပေးထားပါတယ်။

ဘေးတံခါးအဖွင့်အပိတ် ခလုတ်စနစ်

အသစ်ထုတ်လုပ်လိုက်တဲ့ H-1 2020 မှာ လိုက်ပါသူများ အဖွင့်အပိတ်လွယ်ကူစွာ လုပ်ဆောင်နိုင်စေဖို့ Sliding Door Auto Button စနစ်ကို တပ်ဆင်ပေးထားပါတယ်။

နောက်ဘက်အချက်ပြစနစ်

ကားနောက်ဆုတ်ရာတွင် မမြင်ကွယ်ရာ အရာဝတ္ထုများရှိနေပါက အလိုအလျောက် အချက်ပြပေးသော စနစ်ကို တပ်ဆင်ပေးထားပါတယ်။

အလိုအလျောက်ဘရိတ်စနစ်

ကားအရှိန်များသည့်အခါ သို့မဟုတ် ချိုင့်ခွက်များသောနေရာများ သို့မဟုတ် လမ်းချော်သောနေရာများတွင် ဘရိတ်နင်းသောအခါ ပိုမိုအဆင်ပြေထိန်းချုပ်နိုင်အောင် ထောက်ကူပေးပါတယ်။

Manual Tilt & Telescopic Steering Wheel

စတီယာရင်ဘီးအား လိုသလို ချိန်ဆပြောင်းလဲနိုင်ရန်အတွက် Manual Tilt & Telescopic Steering Wheel စနစ်အား ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

ရရှိနိုင်သောအရောင်များ

H-1 2021 ကို အဖြူရောင်၊ အနက်ရောင်၊ အညိုရောင်နှင့် ငွေရောင်ဆိုပြီး အရောင် ၄ မျိုးနဲ့ ရရှိနိုင်ပါတယ်။

စျေးနှုန်းနှင့်ဝန်ဆောင်မှု

Shwe Daehan Motors Factory မှ ထုတ်လုပ်လိုက်တဲ့ ၁၂ ယောက်စီး H-1 2021 ရဲ့ တရားဝင်စျေးနှုန်းဟာတော့ ၄၈၉ သိန်း ဖြစ်ပြီး ၃ နှစ် (သို့မဟုတ်) ကီလို ၁ သိန်း အာမခံပေးထားပါတယ်။ အရစ်ကျငွေပေးချေစနစ်နဲ့ ဝယ်ယူမယ်ဆိုရင်တော့ ကနဦးအနေနဲ့ ၂၀ ရာခိုင်နှုန်းကစပြီး CB ဘဏ်နဲ့ UAB ဘဏ်တို့နဲ့ ချိတ်ဆက်ပြီး တစ်နှစ်ကနေ ငါးနှစ်အထိ အရစ်ကျ လစဉ် ငွေပေးသွင်းမှုတွေနဲ့ ဝယ်ယူလို့ရနိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန်လိုင်စင်ဖြင့်ပါ ရရှိနိုင်မယ့် Hyundai Brand New ကားတစ်စီး ကို သက်သာသော စျေးနှုန်း ဖြင့်ရရှိနိုင်သော ဒီလိုထူးခြားတဲ့အခွင့်အရေးကို လက်မလွှတ်ဖို့ အကြံပေးချင်ပါတယ်။

စိတ်ပါဝင်စားသော Customer များ အနေဖြင့်

Hot Line : 01 522 723, 09 250 494 270

Facebook : www.facebook.com/hyundaimm

သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။