Contact number: 09 4210 020 51, 09 2500 100 10

Hyundai Myanmar

Interbrand ရဲ့ 2020 Global Brand Ranking မှာ Hyundai Motor ကAutomotive Brands တွေထဲမှာထိပ်ဆုံး (၅)နေရာကိုရောက်ရှိသွားပါပြီ။

COVID-19 ကူးစက်ရောဂါကြောင့်ဖြစ်ရတဲ့စီးပွားရေးအကျပ်အတည်းတွေကြားမှာပဲ Hyundai Motor ရဲ့ကမ္ဘာလုံးဆိုင်ရာအမှတ်တံဆိပ်ဟာတစ်နှစ်ပြီးတစ်နှစ် ၁% စီတိုးလာရာမှအခုဆို ဒေါ်လာ ၁၄.၃ ဘီလီယံအထိမြင့်တက်လာပြီဖြစ်ပါတယ်။ဒါ့ကြောင့် Global Automotive Brand တွေကြားထဲမှာ(5)နေရာထိရပ်တည်နိုင်ကာဆက်လက်ထိန်းသိမ်းထားပြီး Global Brand တွေ အားလုံးမှာဆိုရင်တော့ (၃၆)နေရာမှာရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ Hyundai Motor သည် Interbrand ၏ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၄၀ အတွင်းခြောက်နှစ်ဆက်တိုက်စာရင်းဝင်ခဲ့ကာ ၂၀၀၅ ခုနှစ်မှစ၍ ထိပ်တန်းကုမ္ပဏီ ၁၀၀ အတွင်းသို့ ၀ င်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၁၅ နှစ်ဆက်တိုက်ထိပ်ဆုံး ၁၀၀ တွင်ဆက်လက်တည်ရှိနေခဲ့တာဖြစ်ပါတယ်။